ပုပ္ပား တွင်ရေထွက် ၉၉ ခု ရှိရာ ထိုရေထွက်များမှ ရေများကို ဒေသခံများက စိုက်ပျိုးရေးလုပ်ငန်းများတွင် သုံးစွဲကြသည်။ ပုပ္ပား တောင်စဉ်တောင်တန်းတစ်လျှောက်မှ စီးဆင်းလာနေသည့် ရေလမ်းကြောင်းများကို ရေထွက်ဟု ခေါ်ဆိုကြသည်။ ပုပ္ပား ချောင်းတဲဦးဟု အများ ခေါ်သည့်နေရာလေးမှာ မောင်နှံခုနစ်ဖော်ရေထွက်မှ စီးဆင်းလာသည့် ရေလမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ချောင်းတဲဦး သည် ပေ ၃၀ ခန့် ကျယ်ဝန်းလျက် အမြင့်ပေ ၅၀ကျော်မှ ရေများကျဆင်းနေသည်။ ဟိုတယ် လင်း အနီးရှိဗျတ္တပန်းဆေးကန်မှ (၄၅) မိနစ်ခန့် လမ်းလျှောက်သွားလျှင် ချောင်းတဲဦးရေထွက်သို့ ရောက်မည်ဖြစ်သည်။
Yangon Office
No-132, 2nd Floor, KhaingShweWar Rd (Baho Rd), Kamayut Township, Yangon, Myanmar
+ 95-9 45440 50 30
Popa Office
Near By Pan Say Kan, Byatta Pan Sat Road , Popa, Myanmar
+ 95-9-789 364 015